စစ်တွေ ဇန်နဝါရီ ၂၈
၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲ ကျင်းပရခြင်းသည် ကျောင်းသား လူငယ်များအနေဖြင့် နောင်အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ကြမည့် လူရည်လူချွန်များဖြစ်ကြောင်း၊ မိမိတို့၏ စာဖတ်စွမ်းရည် မြင့်မားလာမှာ အသိပညာ ဗဟုသုကြွယ်ဝမှု၊ တွေးတောဆင်ခြင်မှုတို့ ရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့၏ စိတ်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ်ရှိရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့အကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက ဆုများအသီးသီး ချီးမြှင့်ပေးပြီး စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
ပြိုင်ပွဲအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)