ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေး Sinovac ကို Phase-6 (ပထမ)အသုတ် ထိုးနှံပေး

ကာမိုင်း ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovacကို Phase-6(ပထမ) အသုတ်ကို ကာမိုင်းတိုက်နယ်ဆေးရုံ၌ ယမန်နေ့နံနက်(၉) နာရီမှ မွန်းလွဲ(၂) နာရီအထိ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ဆေးမထိုးနှံမှီ ပညာရေးဌာနနှင့် သုဂတိမဂ္ဂလူမှုကူညီရေးအသင်းအဖွဲ့တို့မှ လိုအပ်သည့်များကို ဆောင်ရွက်ကြ၍ ကာမိုင်းတိုက်နယ်ဆေးရုံ၀န်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးပြီး အချိန်သတ်မှတ်ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ကျ၍ နာရီ၀က်စောင့်ကြည့်ပြီးမှသာ ပြည်သူများကို ပြန်လည်စေလွှတ်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးSinovacကို Phase-6 ပထမအသုတ်အနေဖြင့် ထိုးနှံပေးရာတွင် ဆေးအလုံးရေ(၄၇.၅)ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့်ထိုးနှံပေးခဲ့ရာ လူဦးရေ(၉၅)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)