ဟားခါး ဇန်နဝါရီ ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်၌ အနှိမ့်ဆုံးအပူချိန် အနုတ် ၆ ဒဿမ သုည ဒီဂရီ စင်တီဂရိတ်ရောက်ရှိပြီး ၁၉၈၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း ၄၂ နှစ်အတွင်း ဇန်နဝါရီလအတွက် အနှိမ့်ဆုံးအပူချိန် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း ဟားခါးမြို့၊ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
ဟားခါးမြို့၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးကို ၁၉၈၀ ခုနှစ်မှစတင်၍ ဖွင့်လှစ် ခြင်းဖြစ်ပြီး ယနေ့ဆိုရင် နှစ်ပေါင်း ၄၂ နှစ်ရှိသွားပြီဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွေမှာတော့ ၄ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ် ရောက်ခဲ့ဖူးပြီး ယနေ့ ဇန်နဝရီလ ၂၉ ရက်နေ့ နံနက် ၆ နာရီခွဲတွင် အနုတ် ၆ ဒဿမ သုည ဒီဂရီ စင်တီဂရိတ်ရောက်ရှိသဖြင့် နှစ်ပေါင်း ၄၂ နှစ်အတွင်း အနှိမ့်ဆုံးရောက်ရှိတဲ့နေ့ဖြစ်ကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
မောင်တက်လမ်း