ညောင်လေးပင်မြို့နယ်တွင် ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံ အသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်‌ရွက်

ညောင်လေးပင် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့မဈေးနှင့် မြို့တွင်းရောင်းချလျက်ရှိ သော ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးဆောင်ရွက်ရာတွင် ညောင်‌လေးပင်မြို့အတွင်းရှိ မြို့မစျေး၊ ပျံကျစျေး၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊ စက်ရုံ အလုပ်ရုံများ၊ ကားဂိတ်များ အစရှိသည့် စျေးဆိုင်ခန်းများအား ဇန်နဝါရီလ ၂၇ ရက်နေ့မှ စ၍ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေ ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မီးသတ်ဦးစီးဌာနတို့မှ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)