မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးသတ်တပ်ဖွဲ့ဝင်များ မီးဘေးအန္တရာယ်အတွက် ဇာတ်တိုက်စုဖွဲ့လေ့ကျင့်

မြောက်ဦး ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မီးသတ်တပ်ဖွဲ့ဝင်များ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုဖွဲ့၍ ဆက်တိုက်လေ့ကျင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်      မြောက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ      မြို့နယ်ဦးစီးမှူးဦးလှဝင်းဦးဆောင်ပြီး တပ်ဖွဲ့ဝင်များသည် ညောင်ပင်ဈေးရပ်ကွက်၊ နန်းရာကုန်းရှေ့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်များဖြင့် မီးလောင်မှုဖြစ်ခဲ့လျှင် ကြိုတင်ပြီးမီးငြိမ်းသတ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားနေလျှင် ထိုမီးကို အချိန်တို အတွင်း မီးငြိမ်းနိုင်ရန်အတွက် ကြိုတင်၍ လေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များမှ သဘာဝဘေး အန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးများကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်ရန်အတွက် အချိန်နှင့်တပြေးညီ တုန့်ပြန်နိုင်ရေးအတွက် ဇာတ်တိုက်စုဖွဲ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ရုံးမှ သိရှိရသည်။

မြင့်စိုး(ပြန်/ဆက်)