ညောင်ဦး ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် ထန်း တောင်သူများ ပေါ်ဦးပေါ်ဖျားထန်းလျက်တစ်ပိသာ ၂၄၀၀ ကျပ် ရောင်းချရခြင်းကြောင့် ထန်းတောင်သူများ ထန်းလျက်ရောင်းချရခြင်းကြောင့် တွက်ခြေကိုက်နေကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ် ထန်းတောင်သူများသည် ထန်းတောင်သူလုပ်ငန်းအား မိရိုးဖလာလုပ်ကိုင်ခဲ့ကြသော်လည်း တန်းတက်လုပ်ကိုင်လာသူ တစ်နှစ်ထက်တစ်နှစ် ထန်းတက်သူ နည်းပါးလာခဲ့ကြောင်း၊ ရေကြည်ရာမြက်နုရာရှာဖွေကြရင်း ပြည်ပသို့ထွက် အလုပ်လုပ်သွားသူ များပြားနေကြပြီး တစ်ချိန်က အိမ်ထောင်စု ၃၀၀ ရှိသည့် ထန်းပေါက်ကုန်းရွာသည် တစ်ရွာလုံး ထန်းတောင်သူများဖြင့် ထန်းတက်လုပ်ငန်းလုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ သုံးပုံ တစ်ပုံပင် ထန်းတက်သူမရှိတော့ကြောင်း ညောင်ဦးမြို့နယ် ထန်းပေါက်ကုန်းရွာ ထန်းတောင်သူ ဦးမောင်စိုးက ပြောသည်။
ထန်းတက်လုပ်ငန်း စတင်လုပ်ကိုင်ခြင်းအား ဇန်နဝါရီလ ဒီဇင်လာလ နောက်ဆုံးပတ်နှင့် ဇန်နဝါရီလ ပထမပတ်တွင် ထန်းပြင်ခြင်းလုပ်ငန်းများလုပ်ကိုင်ကြပြီး ထန်းတက် ထန်းလှီးခြင်းလုပ်ငန်းအား လုပ်ကိုင်ကြကြောင်း၊ ထန်းတက်၊ ထန်းလှီးခြင်းလုပ်ငန်း မစတင်မီ ထန်းဆွဲမြူအိုး စုဆောင်းခြင်း၊ ထန်းလျက်ကျိုချက်ရန် ထန်းဖတ်၊ ထန်းလက်၊ ပဲစင်းငုံ ပင်များစုဆောင်းခြင်း၊ ထန်းတက်ရန် ယင်းထောင်(လှေကား)၊ ယင်းဆွဲ၊ ထန်းလျက်ချက်ဖို၊ ထန်းလျက်ကျိုချက်ရန် မိုးဗြဲဒယ်တို့ကို ကြိုတင် စုဆောင်းထားကြပြီး ထန်းတောင်သူလုပ်ငန်း စတင်လုပ်ကိုင်ချိန် အဆင်သင့်ဖြစ်နေစေရန် ကြိုတင် စုဆောင်းထားကြကြောင်းသိရသည်။
ထန်းတောင်သူလုပ်ငန်းသည် အလွန်ပင်ပန်းသည့်လုပ်ငန်းဖြစ်ကာ ထန်းတက်လုပ်သားကြီးများ ထန်းပင်တစ်ပင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ထန်းတက်လုပ်ငန်းလုပ်ကြရကြောင်း၊ ထန်းတောင်သူတစ်ဦး ထန်းအပင်ငါးဆယ်ရှိလျှင် တစ်နေ့ အကြိမ်တစ်ရာ ထန်းပင်တက် လှီးပြီး ထန်းရည်(ရေ)ရယူကြကြောင်း၊ ထန်းတက်လုပ်ငန်းသည် အိမ်ရှိလူကုန် ပင်ပန်းသည့် လုပ်ငန်းဖြစ်သော်လည်း ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ထန်းတောင်သူများ မိသားစု အသိုက်အဝန်း တစ်နယ်တစ်ကျေးအဖြစ်မခံကြဘဲ ထန်းတက်လုပ်ငန်းကို လုပ်ကိုင်ကြကြောင်းသိရသည်။ ထန်းလှီးပြီး ချလာသည့် ထန်းရည်မြူအို းလိုက်လံသိမ်းဆည်းသူ၊ ထန်းလျက်ကျိုချက်သူ၊ ထန်းလျက်လုံးသူ၊ မီးထိုးသူများဖြင့် အိမ်ရှိလူကုန်ပင်ပန်းကြသော်လည်း ပေါ်ဦးပေါ်ဖျားထန်းလျက်များ တစ်ပိသာ ၂၄၀၀ ကျပ်ရောင်းချ နေရခြင်းကြောင့် ထန်းတောင်သူများ တွက်ခြေကိုက်နေကြကြောင်း ထွက်ရှိလာသည့် ထန်းလျက်များအား ကျောက်ပန်းတောင်းမြို့ပေါ် ပွဲရုံများ၊ ညောင်ဦးမြို့မှထွက်ရှိသည့် ထန်းလျက်များအား တောင်ဇင်းကျေးရွာရှိ ထန်းလျက်ပွဲရုံများ၊ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေးတစ်လျှောက် ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း ထန်းတောင်သူများထံက သိရသည်။
ကိုထိန်၊KPD