ဂွ ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယနေ့ ညနေပိုင်းက ဈေးဆိုင်များ၊ အလုပ်ရု ံများအား ပုံမှန်ဖွင့်လှစ် ရောင်းချစေရေးနှင့် (Silent Strike) အသံတိတ်သပိတ်တွင် ပါဝင် ပတ်သက်မှု မရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို မြို့ပေါ် ရပ်ကွက်များ၊ ရဟိုင်ကူးတို့ကျေးရွာနှင့် မကျေးငူကျေးရွာတို့တွင် ဖြန့်ဝေခဲ့ကြကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ တာဝန်ရှိသူများက ပြည်သူများအနေဖြင့် (Silent Strike) အသံတိတ် သပိတ်တွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေသည့် အဖျက်အမှောက် လုပ်ငန်းများအား အားပေးသောအနေဖြင့် ဈေးဆိုင်များပိတ်ထားခြင်း၊ သံပုံးတီးခြင်း၊ လက်ခုပ်တီးခြင်း၊ ကာဟွန်းတီးခြင်းစသည် တို့ကို ဆောင်ရွက်ခြင်းမပြုရန် ဈေးဆိုင်များ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ စသည်တို့ကို ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချကြရန် လိုက်လံအသိပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်