ကြည့်မြင်တိုင်မြို့နယ်တွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ် မှာစာအုပ်ဖြင့်  စာဖတ်ဝိုင်းကျင်းပ

ကြည့်မြင်တိုင် ဇန်နဝါရီ ၃၀

ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန် အသိပညာ ဗဟုသုတရရှိစေရန်နှင့်  လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် အတွက် ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင် မြို့နယ်၊ အလက၂ တွင် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကို ဆောင်ရွက်ရာ ဆရာ၊ ဆရာမများ၊‌ ကျောင်းသား၊‌‌ ကျောင်းသူ များက စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ်မှာ စာအုပ်ပါ အကြောင်းအရာများကို  အသိပညာဗဟုသုတရဖွယ် အပြန်အလည်ဆွေးနွေးပြောကြားခဲ့သည်။

ရည်ရည်မွန်