မန္တလေး ဇန်နဝါရီ ၃၀
မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည်။
"တွဲလက်ညီညီရှေ့သို့ချီ ပြည်ထောင်စုဆီ တက်လှမ်းမည်" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုလည်းကောင်း၊"သွေးစည်းချစ်ကြည် လက်တွဲညီ တို့ပြည်ထောင်စု ဖော်ဆောင်မည်" ခေါင်းစဉ်ဖြင့် ကဗျာရေးပြိုင်ပွဲကိုလည်ကောင်း အသီးသီးကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပါမောက္ခချုပ် ဒေါက်တာတင့်တင့်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများက ကြည့်ရှု့အားပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း