ကြည့်မြင်တိုင် ဇန်နဝါရီ ၃၀
ပြည်ထောင်စုနေ့အကြောင်း သိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ ကြွယ်၀တိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်၂ အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက ၇၅နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြိုင်ပွဲတွင် ဒေါ်ရည်ရည်မွန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို အလက ၂ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများက ၀င်ရောက်ယှဉ်ပြိုင်ကြရာ ဆေးရောင်ခြယ်ပြိုင်ပွဲကို မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ဦးနှင့် အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲတွင် ၁ဝဦး၊ စုစုပေါင်း ၂၀ဦး ပါ၀င်ယှဉ်ခဲ့ပြီး ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးနှင့် တာ၀န်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရည်ရည်မွန် (ပြန်/ဆက်)