မြောက်ဦးမြို့၌ ကရုဏာလှိုင်းသွေးလှူရှင်များအသင်း နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးနှင့် ဂုဏ်ထူးဆောင်သွေးအလှူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ကရုဏာလှိုင်းသွေး အလှူရှင်များအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် ဂုဏ်ထူးဆောင်သွေးအလှူရှင်များအား ဂုဏ်ပြုပွဲကို ထမ္မရပ်ကွက်ရှိ  ကရုဏာလှိုင်း သွေးလှူရှင်များအသင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရိအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကျိုက်မရော၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက (အ.ထ.က)ကျိုက်မရော ကျောင်းဆောင်သစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်းမြို့တွင် အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်ချက်များ လှည့်လည် နှိုးဆော်မှုများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသံတိတ်သပိတ် (Silent Strike) နှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များအား ပြည်သူများ သိရှိစေရေးအတွက် အသိပေး သတင်းထုတ်ပြန်ချက်များကို Hand Speaker ဖြင့် လိုက်လံ ကြေညာခြင်းကို ယနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ကျိုင်းတောင်းမြို့ပေါ်ရပ်ကွက်အတွင်းသို့ အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကျောက်မဲမြို့၊ ဓမ္မမေဒနီ  ရွှေကျင်ကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များဆွမ်းကွမ်းအဆင်ပြေ စေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ တို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဘားအံမြို့နယ်တွင် ပြည်သူများသိရှိစေနိုင်ရန်အတွက် အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ မြို့ပေါ်၊ ရပ်ကွက်အတွင်းရှိ ဇွဲကပင်ခန်းမရှေ့၊ ကန်သာ‌ယာ‌ရှေ့၊ စုပေါင်းရုံးရှေ့နှင့် ကြာအင်းမီးပွိုင့်တို့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

သာယာဝတီမြို့တွင် သတင်းအမှန်၊ သတင်းအမှား ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သတင်းအမှန်၊ သတင်းအမှား ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အ.ထ.က(၁) သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ Silence Strike (အသံပိတ်သပိတ်)နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များကို ဒေသခံပြည်သူများ သိရှိစေရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

တနင်္သာရီ၌(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမည်

၂၀၂၂ခုနှစ်(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ ညနေ ၃ နာရီ အချိန်မှစ၍ တနင်္သာရီမြို့ မြို့မအားကစားကွင်းအတွင်း စည်ကားစွာ ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အ.လ.က(မြောက်ကုန်း)ကျောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.လ.က(မြောက်ကုန်း)ကျောင်းတွင် ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီခွဲအချိန်က အသက်(၁၀)နှစ်အထက် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

မိုင်းပန်မြို့နယ်အတွင်း နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးစာစောင်များနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင် ပါဝင်မှုမရှိစေရေး နိုင်ငံတော်၏ အသိပေးသတင်း ထုတ်ပြန်ချက်စာစောင်များနှင့် နှားခေါင်းစည်း (Mask)များကို ယနေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာမြို့မစျေးရှေ့ရှိ လူစည်းကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Subscribe to