မိုင်းပန် ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင် ပါဝင်မှုမရှိစေရေး နိုင်ငံတော်၏ အသိပေးသတင်း ထုတ်ပြန်ချက်စာစောင်များနှင့် နှားခေါင်းစည်း (Mask)များကို ယနေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာမြို့မစျေးရှေ့ရှိ လူစည်းကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထိုအသိပေး စာစောင်တွင် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသော CRPH / NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရေး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ချက်များနှင့် နှာခေါင်းစည်း Mask များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် ဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်း အဖွဲ့တို့မှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)