ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (TSDP)အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။