စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ မြိတ်တက္ကသိုလ်တွင် ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို မြိတ်တက္ကသိုလ်တွင် ဇန်နဝါရီ(၂၉)ရက်နှင့်(၃၀)ရက်တို့တွင် ကျင်းပ ခဲ့ရာ မြိတ်တက္ကသိုလ် ကျောင်းသား/သူများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒီဂရီကောလိပ် အဆင့် ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်ပညာရေးဒီဂရီကောလိပ် တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒီဂရီကောလိပ် အဆင့် ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်၉ နာရီအချိန်တွင် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ ဂန္ဓမာစာသင်ဆောင်၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ သတင်းမှန်သိရှိရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေး၊ သတင်းအမှန်၊ သတင်းအမှားခွဲခြားသိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ ၂ နာရီက အ.ထ.က(ခွဲ)ထရန်ဒမ်း‌ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်တွင် နိုင်ငံတော်မှ စျေးနှုံးသက်သာစွာဖြင့် ဖြန့်ဖြူးပေးသည့် (ပုလဲ)ဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော နိုင်ငံတော်မှ ၂၀၂၁ - ၂၀၂၂ ခုနှစ် နွေစပါး စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား စျေးနှုံးသက်သာစွာဖြင့် ဖြန့်ဖြူးပေးသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး (ပုလဲ)ဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာ ဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင်  ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိရာ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း(PPTT) တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဘားအံပညာရေးဒီဂရီကောလိပ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေပြီး ပြည်ထောင်စုစိတ်ဓာတ်များ အစဉ်ကိန်းအောင်းရှင်သန်နေစေရေးအတွက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

ဟိုပုံးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ နှင့် ပန်းချီပြိုင်ပွဲများကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးသူများ စျေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာရှိ တောင်သူများသည် ဖူးစားပြောင်းစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး  စိုက်ပျိုးသူများစျေးကောင်းရရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းရုံးတွင် ယာယီဆေးခန်းဖွင့်လှစ်၍ သွားနှင့် ခံတွင်း အ‌ထွေထွေရောဂါ အခမဲ့ ကုသပေးသဖြင့် ဒေသခံပြည်သူများ အဆင်ပြေနေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ သွားဘက်ဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင် က ဇန်နဝါရီ ၁၅ ရက် နေ့က စတင်ကာ မြို့နယ်အတွင်းရှိ သွားနှင့် ခံတွင်းရောဂါခံစားနေရသည့် ဒေသခံပြည်သူများကို အခမဲ့ ဆေးဝါးကုသ ဆောင်ရွက်ပေးသဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အဆင်ပြေလျက် ရှိနေကြကြောင်း အဆိုပါ ပရဟိတ အသင်းရုံးမှ ဥက္ကဋ္ဌ ဦးတင်ဝမ်းထံမှ သိရသည်။

မြို့သစ်မြို့ စည်ပင်သာယာစျေးသို့ ခရမ်းချဉ်သီးများ ပုံမှန်ဝင်ရောက်

မကွေးတိုင်ဒေသကြီး မြို့သစ်မြို့ရှိ စည်ပင်သာယာစျေးအတွင်းသို့ ခရမ်းချဉ်သီးများ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် ကုန်စိမ်းရောင်းချသူတစ်ဦးထံက သိရသည်။
Subscribe to