ကျိုင်းတောင်းမြို့တွင် အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်ချက်များ လှည့်လည် နှိုးဆော်မှုများ ဆောင်ရွက်

ကျိုင်းတောင်း ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသံတိတ်သပိတ် (Silent Strike) နှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များအား ပြည်သူများ သိရှိစေရေးအတွက် အသိပေး သတင်းထုတ်ပြန်ချက်များကို Hand Speaker ဖြင့် လိုက်လံ ကြေညာခြင်းကို ယနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ကျိုင်းတောင်းမြို့ပေါ်ရပ်ကွက်အတွင်းသို့ အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အကြမ်းဖက် အုပ်စုအဖြစ်ကြေညာ ထားသော CRPH၊  NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လုမှုကွန်ယက် Facebook Account များမှ တစ်ဆင့် နည်းလမ်း မျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း၊ Silent Strike အသံတိတ်သပိတ်)ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်းနှင့် အခြား ဆန္ဒဖော်ထုတ်ခြင်းများမပြုရန် အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း စသည့် အသိပေး ထုတ်ပြန်ချက်များအား ပြည်သူများသိရှိလိုက်နာ နိုင်စေရေးအတွက် Hand Speaker ဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)