တနင်္သာရီ၌(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမည်

တနင်္သာရီ ဇန်နဝါရိ ၃၀

၂၀၂၂ခုနှစ်(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ ညနေ ၃ နာရီ အချိန်မှစ၍ တနင်္သာရီမြို့ မြို့မအားကစားကွင်းအတွင်း စည်ကားစွာ ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် ချောင်းကြီးရပ်ကွက်အသင်း၊  ချောင်းငယ်ရပ်ကွက်အသင်း၊  ဌာနဆိုင်ရာဝန်ထမ်းများအသင်း၊  ဆင်ခြေဖုန်းကျေးရွာအုပ်စုအသင်း၊ ရေဖြူကျေးရွာအသင်း၊ တမုတ်ချုန်းကျေးရွာအသင်း၊ ရှမ်းအင်းတော်ရွာအသင်းနှင့် (တပ်နယ်+ရဲတပ်ဖွဲ့)အသင်း စသည့် အလွတ်တန်းအမျိုးသားအသင်း(၈)သင်းတို့က အုပ်စု(၂)စုခွဲပြီး ပတ်လည်စနစ်ဖြင့် တစ်နေ့လျှင်(၂)သင်းစီယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ (ပထမ/ဒုတိယ/တတိယ)ဆုများကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိန်ဝင်း(ပြန်ဆက်)