မုံရွာ တက္ကသိုလ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မုံရွာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတု အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါမုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်သံဃနာယကလုပ်ငန်း အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်သံဃနာယကလုပ်ငန်း အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ရက် နံနက် ၁၀နာရီအချိန်က ပခုက္ကူမြို့၊အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်း၊ ပရိယတ္တိဗိမာန်တွင် ကျင်းပပြုလုပ်သည်။

လွိုင်လင်မြို့ရှိ မြကန်သာ သဘာဝရေပြင်တွင် ငါးအကောင်ရေ ၅၀၀၀၀ စိုက်ထည့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မူးယစ်ဘိန်းအစားထိုး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်( ၉ နာရီ ၃၀)က လွိုင်လင်မြို့ မြကန်သာ သဘာဝရေကန်တွင် ကျင်းပပြုလုပ်သည်။

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြပညာရေးကောလိပ်တွင် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြ​ပညာရေးကောလိပ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပြုလုပ်ရာ ပန်းချီပြိုင်ပွွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြောင်းမြပညာရေးကောလိပ်၊ သုံးထပ်စာသင်စောင်တွင် ကျင်းပပြုလုပ်ခဲ့သည်၊၊

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် (ပထပအကြိမ်) လူဦးရေ (၂၂၀၀) ဦးထိုးနှံပြီးစီး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ် တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာတွင် ယမန်နေ့ က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ကသာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၃၃၁၀)ဦး ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ဇန်နဝါရီလ(၂၇)ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၃၁၀)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အထိထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
Subscribe to