ဟိုပုံးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ နှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ဟိုပုံး    ဇန်နဝါရီ   ၃၀

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့်  ပြည်ထောင်စုကို ချစ်မြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရန်၊ ပြည်ထောင်စု၏ တန်ဖိုးကို ပိုမိုသိရှိနိုင်စေရန်နှင့်  ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသစသည့် ဘက်စုံပညာဟန်ချက်ညီသော လူစွမ်းအား အရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ပြိုင်ပွဲများအား ကျကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများသို့ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်းမှ ကျောင်းသား (၈)ဦး၊  ကျောင်းသူ (၃၀) ဦး စုစုပေါင်း (၃၈)ဦးတို့က အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)