စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ မြိတ်တက္ကသိုလ်တွင် ကျင်းပ

မြိတ်   ဇန်နဝါရီ   ၃၀

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို မြိတ်တက္ကသိုလ်တွင် ဇန်နဝါရီ(၂၉)ရက်နှင့်(၃၀)ရက်တို့တွင် ကျင်းပ ခဲ့ရာ မြိတ်တက္ကသိုလ် ကျောင်းသား/သူများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို “လက်တွဲညီညီ ရှေ့သို့ချီ သာတူညီမျှခံစားရမည် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို “တို့ညီနောင်ထု တည်ထောင်ပြု ပြည်ထောင်စုနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို “လက်တွဲညီညီရှေ့သို့ချီ ပြည်ထောင်စု ဆီ တက်လှမ်းမည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “သွေးစည်းချစ်ကြည် လက်တွဲညီ တို့ပြည်ထောင် စု ဖော်ဆောင်မည်”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲကို “ လူမှုစီးပွားဖွံ့ဖြိုးမှ ပြည်ထောင်စုကြီးသာ ယာမည်ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြသည်။

ပြိုင်ပွဲများကို ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ကျပန်းစကားပြောပြိုင်ပွဲတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/သူများက စတင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်  နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ဇန်နဝါရီ(၂၉)ရက်တွင် ကျင်းပခဲ့ပြီး ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ(၃၀)ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိကြ သော ကျောင်းသား/သူများအား မြိတ်တက္ကသိုလ်တွင် ကျင်းပမည့် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်-ပြန်/ဆက်)