မချမ်းဘော့ ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေး၊ သတင်းအမှန်၊ သတင်းအမှားခွဲခြားသိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ ၂ နာရီက အ.ထ.က(ခွဲ)ထရန်ဒမ်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှေးဦးစွာအထကခွဲ ထရန်ဒမ်းကျောင်းကျောင်းအုပ်ဆရာကြီး ဦးမြင့်၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် မျိးချစ်စိတ်ရှင်သန်ထက်မြက်ပြီး သတင်းအမှန်သတင်းအမှား ခွဲခြားသိရှိနိုင်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်က အသိပညာပေးဆွေးနွေးဟောပြောရာတွင် ယခုလတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများပေါ်တွင် ကျောင်းသားကျောင်းသူများအနေဖြင့် သတင်းအမှန်၊ သတင်းအမှား ခွဲခြားသိရှိနိုင်ရေးအတွက် မီဒီယာ၏အဓိပ္ပါယ်၊ မီဒီယာအမျိုးအစားများ၊ မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိရှိနားလည်မှုတို့ကို ရှင်းလင်းပြောကြားပြီး ယခုလက်ရှိကာလအထိ မချမ်းဘော့မြို့နယ်တွင် ငြိမ်းငြိမ်းချမ်းချမ်းရှိသည့်အတွက် ယခုကဲ့သို့ အေးအေးချမ်းချမ်းနဲ့ စာသင်ကြားခွင့်ရရှိနိုင်သည်ဖြစ်ကြောင်း ဖြည့်စွက်အားပေးကာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အထက(ခွဲ)ထရန်ဒမ်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/မများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)