မြို့သစ် ဇန်နဝါရီ ၃၀
မကွေးတိုင်ဒေသကြီး မြို့သစ်မြို့ရှိ စည်ပင်သာယာစျေးအတွင်းသို့ ခရမ်းချဉ်သီးများ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် ကုန်စိမ်းရောင်းချသူတစ်ဦးထံက သိရသည်။
အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၀၀၀ ကျပ်စျေး၊ မြို့သစ်မြို့နယ်မှ ဒေသထွက်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၂၀၀ ကျပ်စျေးဖြင့် တစ်နေ့လျှင် ပိဿာချိန် ၁၀၀၀၀ခန့် လာရောက်ရောင်းချလျက်ရှိကြကြောင်း သိရသည်။
"ကျွန်တော်တို့ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် မြို့သစ်စည်ပင်သာယာစျေးအတွင်းသို့ အများဆုံး တင်ပို့ရောင်းချရပြီး လက်လီဈေး၁၀၀၀/၁၂၀၀ဈေးဖြင့် ရောင်းနေရသောကြောင့် ဝယ်လိုအားနည်းနေသေးလို့သာ ဈေးကွက်အေးနေတာ" ဟု မြို့သစ်မြို့ စည်ပင်သာယာစျေးအတွင်း ကုန်စိမ်းရောင်းသူတစ်ဦးက ပြောသည်။
မြို့သစ်မြို့တွင် ခရမ်းချဉ်သီးရောင်းချသူ (၁၀)ဦးကျော်ရှိပြီးဈေးအနည်းငယ်ကွာဟ မှုရှိသော်လည်း မြို့တွင်းလက်လီရောင်းဈေး ၁၀၀၀/၁၂၀၀ဈေးများဖြင့် အများဆုံးရောင်းချရကြောင်း ခရမ်းချဉ်သီးကုန်သယ် ဦးထိုက်ထံမှ သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)