သင်္ဃန်းကျွန်း ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်ပညာရေးဒီဂရီကောလိပ် တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒီဂရီကောလိပ် အဆင့် ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်၉ နာရီအချိန်တွင် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ ဂန္ဓမာစာသင်ဆောင်၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းမှာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် လာစေရေးနှင့် မြန်မာစကားပြောစွမ်းရည် တိုးတက်လာစေရေး ၊ပြိုင်ပွဲဝင်အတွေ့အကြုံ ရရှိလာစေရေး၊ အထိမ်းအမှတ်နေ့များအား သတိတရရှိစေရေးနှင့် မိမိတို့တက်သိထားသော အသိပညာဗဟုသုတ များအား လက်ဆင့်ကမ်းမျှဝေနိုင်စေရန် ရည်ရွယ်၍ အတွက် အတွေ့အကြုံရှိသော ပြိုင်ပွဲ ကြီးကြပ်ရေး ကော်မတီများဖွဲ့စည်း၍ မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၇/၂၀၂၀) သင်တန်းမှ သင်တန်းသားနှင့်သင်တန်းသူများ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ယမန်နေ့က ဝင်ရောက်ယှဥ်ပြိုင်ထားသော စာစီစာကုံး ပြိုင်ပွဲတွင် (၈)ဦး၊ ကဗျာပြိုင်ပွဲတွင် (၇)ဦးနှင့် ဆောင်းပါးပြိုင်ပွဲတွင် (၄)ဦး၊ စုစုပေါင်း (၁၉)ဦးနှင့် ယနေ့ကျင်းပသည့် ကျပန်း စကားပြောပြိုင်ပွဲတွင် (၈)ဦးနှင့် ပန်းချီပြိုင်ပွဲတွင်(၁၁)ဦး၊ စုစုပေါင်း(၁၉)ဦး ဖြစ်ပြီး ပြိုင်ပွဲဝင်သူ စုစုပေါင်း (၃၈)ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသောပြိုင်ပွဲဝင်များအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများ ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း အင်အား (၁၉၀)ခန့်တက်ရောက်ခဲ့ကြကြောင်သတင်းရရရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)