သာစည်မြို့နယ်တွင် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ပေး

သာစည် ဖေဖော်ဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရွာကြီးကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်း သား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ပေးရန် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/သူ၁၈၀ ဦးရှိကြောင်း သိရပြီး ကွင်းဆင်းဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်က ကွင်းဆင်းလုပ်ငန်း  ဆောင်ရွက်နေမှုများအားရှင်းလင်းပြသခဲ့ပြီး  ထိုကျောင်းတွင် နှစ်ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သာစည်မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်များရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိထံက သိရသည်။                                  မြို့နယ်(ပြန်/ဆက်)