သာစည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျော်ဘုရားကြီးတွင် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းစွာဖြင့်ဖူးမျော်နိုင်ရန် ဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီက သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက ဦးဆောင်၍မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လဝကဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာကြီးအထက(ခွဲ)မှ ဆရာ/မများ စသည်ဖြင့် ဌာနပေါင်းစုံမှဝန်ထမ်းများကဘုရားကြီးရင်ပြင်တော်၌ အမှိုက်များ ကင်းရှင်းစေရန် ပျော်ရွှင်စွာဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သော အဖွဲ့အား ရွာကြီးကျေးရွာရပ်မိရပ်ဖများက ခေါက်ဆွဲကြော်များ၊ လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)