အုတ်ဖို၌ ၇၅ နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသလမ်းဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

အုတ်ဖို၌ ၇၅ နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိမ်တိုင်ပုံကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်မြေနီကျောက်စလစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် အသက်(၁၆)နှစ်နှင့်အထက်ပြည်သူများ မှတ်ပုံတင်ကတ်ပြားပြုလုပ်ရန် မကျန်ရှိစေရေး ရပ်ကွက်များအတွင်း ကွင်းဆင်းစိစစ်ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ (၃)ရက်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာများအတွင်း သတ်မှတ်နေရာများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်( ၁ )ရပ်ကွက် စီမံအုပ်ချုပ်ရေးရုံးတွင် ရပ်ကွက်အတွင်းနေအသက် (၁၆)နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ်လဝကဦးစီးမှူး မောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့်အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ သာယာဝတီမြို့နယ်၌ကျင်းပ

၂၀၂၂ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီမြို့နယ်တွင် တည်ဆောက်ရေး ၉လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါတည်‌ ဆောက်ရေး-၉လမ်း၌ကျင်းပပြုလုပ်ခဲ့သည်။

ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာရေးဆိုင်ရာအလှူငွေပေးအပ်ပွဲအခမ်းအနားကျင်ပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာ ရေးဆိုင်ရာ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန သပြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများအသိပညာရရှိစေရန် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကျိုက်လတ် မြို့နယ်ရုံးComminityCentreခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပြသဆောင်ရွက်ခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်း(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဌာနပေါင်းစုံထမနဲထိုးပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင် ၂၀၂၂ခုနှစ် (၇၅)နှစ်​မြောက်၊စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်း အတွင်း ယမန်နေ့ နံနက် ၁၀နာရီက စည်ကားစွာ စတင်ကျင်းပခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ် မြနန်းတော်ဝင်ခန်းမ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နောင်ချိုမြို့ မြနန်းတော်ဝင်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ် ဦးစီးဌာနရုံးမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ၂၀၂၂ ခုနှစ်  မိုးကြိုကြံချေးငွေထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်း သိသာစွာဖြင့် တောင်သူများသို့ ၂၀၂၂ မိုးကြိုကြံချေးငွေများကို ယမန်နေ့ နံနက် ၉:၃၀ နာရီ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ရှမ်းပြည်နယ်၊ အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်(Aerobic)ပြိုင်ပွဲ ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အေရိုးဗစ်(Aerobic)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ဖေဖော်ဝါရီ(၁)ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to