အုတ်ဖို၌ ၇၅ နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသလမ်းဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

အုတ်ဖို  ဖေဖော်ဝါရီ  ၂

အုတ်ဖို၌ ၇၅ နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိမ်တိုင်ပုံကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်မြေနီကျောက်စလစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးမှ အဖွင့်အမှာစကားပြောကြားကာလမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ထို့နောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းမှာ ယခင်က မြေသားလမ်းဖြစ်ရာသွားလာရေး ပိုမိုလွယ်ကူချောမွေ့လာစေရန်အတွက် ယခုအခါ အကျယ် (၁၂) ပေ၊ အရှည် (၁၀၀၀) ပေ၊ ထု (၈) လက်မဖြင့် မြေနီကျောက်စလစ်လမ်းဖြစ်ကြောင်းနှင့် လမ်းအားအသုံးပြုလျှက်ရှိသည့် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေ ချောမွေ့လာနိုင်ပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အောင်သူ(အုတ်ဖို)