ရမည်းသင်း ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင် ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက်၊စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ယမန်နေ့ နံနက် ၁၀နာရီက စည်ကားစွာ စတင်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲကိုကျင်းပပြိုင်ဝင် ခရိုင်ထွေအုပ်၊ မြို့နယ်ထွေအုပ်၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်မီးသတ် တပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာတို့မှ ပြိုင်ပွဲ(၅)သင်းတို့မှ တစ်ပျော်တစ်ပါး ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲ့သို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု့အားပေးခဲ့ကြသည်။
ထို့နောက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပရာ အမျိုးသမီးဇကော်ရွက်ပြိုင်ပွဲ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ ဒုတ်စီးထိုးပြိုင်ပွဲ၊ အမျိုးသားမီတာ(၁၀၀) ၊(၂၀၀)နှင့် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကျင်းပ ခဲ့ကြပြီး မွန်းလွဲ၂နာရီ၌ ပြိုင်ပွဲများအလိုက် ဆုရသူများအားဆုများချီး မြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်