ဘုတ်ပြင်း ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာ ရေးဆိုင်ရာ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန သပြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက ဘုတ်ပြင်းမြို့နယ်အတွင်း မကြာမီ ရက်ပိုင်းတွင် သံဃာအဖွဲ့စည်းအဆင့်ဆင့် ၂၅%(ရာခိုင်နှုန်း) အနားယူအစားထိုး ရွေးချယ်ပွဲ ဆောင်ရွက်မှာ ဖြစ်သည့် သံဃာအဖွဲ့အစည်းများ သာသနာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ အလှူငွေများ အသီးသီး ပေးအပ်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်းသိရသည်။ ဌာနဆိုင်များမှ စုပေါင်း၍လှူဒါန်းငွေများမှာ ငွေကျပ် လေးသိန်းတစ်သောင်းငါးထောင်ကျပ်ကို လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)