ကျိုက်လတ် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများအသိပညာရရှိစေရန် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကျိုက်လတ် မြို့နယ်ရုံးComminityCentreခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲတွင် ပြည်သူများသိရှိရန်၊ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှတ်တမ်း ဓာတ်ပုံများနှင့် ချမှတ်ထားသည့်ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သောနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက် ချက်မှတ်တမ်း ဓာတ်ပုံများကို ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် ပြည်သူများဖတ်ရှု့လေ့လာသင့်သည့် သုတစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များနှင့် ဂျာနယ်စာစောင်များ ပြသထားရှိရာ ပြည်သူများစိတ်ဝင်စားစွာ လာရောက်ကြည့်ရှု့ လေ့လာခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်(ပြန်/ဆက်)