ခရမ်း ဖေဖော်ဝါရီ ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ (၃)ရက်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာများအတွင်း သတ်မှတ်နေရာများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်( ၁ )ရပ်ကွက် စီမံအုပ်ချုပ်ရေးရုံးတွင် ရပ်ကွက်အတွင်းနေအသက် (၁၆)နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ်လဝကဦးစီးမှူး မောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်လဝကဦးစီးမှူး ဦးမောင်မောင်သန်းဦးဆောင်သော ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် တွေဆုံ၍ ပန်းခင်းစီမံချက်ဖြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တိုင်းရင်း သားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိရေးအတွက် ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ချိတ်ဆက်၍ ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ဆောင်ရွက်ပြီးမှတ်ပုံတင်ကတ်များ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ရပ်ကွက်အတွင်း အသက်(၁၆)နှစ် နှင့်အထက်ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေး ရာနှုန်းပြည်အမြန်ပြီးစီးရေး လိုက်လံစိစစ်၍ ကက်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ရာ ရပ်ကွက်နေပြည်သူ ( ၁၅၀ ) ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ခရမ်းမြို့နယ်အတွင်းရှိဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများအား ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်နိုဝင်ဘာ (၃)ရက်နေ့အထိ(၁၈ လ) ကြာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)