နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ၂၀၂၂ ခုနှစ်  မိုးကြိုကြံချေးငွေထုတ်ပေး

နောင်ချို    ဖေဖော်ဝါရီ    ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်း သိသာစွာဖြင့် တောင်သူများသို့ ၂၀၂၂ မိုးကြိုကြံချေးငွေများကို ယမန်နေ့ နံနက် ၉:၃၀ နာရီ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ချေးငွေများထုတ်ပေးရာတွင် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး ဖေဖော်ဝါရီ(၁) ရက်နေ့ တွင် ညောင်ထောက် ကျေးရွာအုပ်စုမှ တောင်သူ ၁၆ ဦး ၊ ရွှေမုဌောကျေးရွာအုပ်စုမှ တောင်သူ ၆၃ ဦး စုစုပေါင်း တောင်သူ ၇၉ ဦးအား စုစုပေါင်းငွေ (၆၀၉၀၀၀၀၀/) ကျပ် ခြောက်ရာ့ကိုသိန်းတိတိကို ထုတ်ပေးခဲ့ကြောင်း မြို့နယ် မန်နေဂျာဒေါ်အေးအေးခိုင်ထံမှ သိရသည်။

ထွေးငယ်