တောင်တွင်းကြီးမြိုနယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်က ပြည်သူများ လက်၀ယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။

သရက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (TSDP) မြို့နယ်များ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား သရက်ခရိုင် (၆) မြို့နယ် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက တေဇ အားကစားခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြို့နယ်များမှ ပိုက်ကျော်ခြင်း ခတ် အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများ စုစုပေါင်းအင်အား (၁၈၀)ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ပြည်သူဆေးရုံတွင် ဆေးကုသ မှု ခံယူနေသော လူနာများအား အာဟာရဒါနသွားရောက်လှူဒါန်းခြင်း၊ မလှိုင်ရွှေမုဋ္ဌော ဘုရားပရဝဏ် အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ညနေပိုင်းတွင် အိုမီခရွန်ရောဂါ ကာကွယ်‌ရေးအတွက် Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မင်္ဂလာရေစင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ယမန်‌နေ့နေ့လည် (၂)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရသေ့တောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီစဉ်ဖြင့် သံဃာတော်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရခိုပြည်နယ် အစိုးရအဖွဲ့အစီစဉ်ဖြင့်  ရသေ့တောင်မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်၊ သာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ​မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်း အနားကို ယမန်နေ့နံနက် ၈ နာရီက စေတီတောင်ဓမ္မာရုံ၌  ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ  အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂)  ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား  ကျင်းပ  

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့၏   ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ပထမ(၆)လပတ် ၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်သော လိပ်သိုမြို့ပေါ် အမှတ်(၂)ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်း အနားအား   ယနေ့နံနက် (၁၀)နာရီအချိန်က   ကျင်းပခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ဟိုပုံးမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ ဟိုပုံး ဖေဖော်ဝါရီ ၁ ပအိုဝ်းဒေသ(ပြန်/ဆက်)
Subscribe to