ပုသိမ်ကြီး ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မြို့နယ်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉နာရီက စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ရန်ကင်းတောင်ခြေရှိ သံဃာ့ဆေးရုံတို့တွင် စုပေါင်းဆောင်ရွက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ဆေးရုံအား နံနက်၉နာရီ အချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများ လိုက်ပါပြီး ပြည်သူ့ဆေးရုံအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ နေ့လယ် ၁နာရီအချိန်တွင် ရန်ကင်းတောင်ခြေရှိ မြို့နယ်သံဃာ့ဆေးရုံအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးဆောင်၍ သက်ဆိုင်ရာဌာနများဖြင့်လည်းကောင်း၊ မနက်ပိုင်း၊ နေ့လယ်ပိုင်း အဖွဲ့နှစ်ဖွဲ့ခွဲ၍ မြို့နယ်သန့်ရှင်းသာယာလှပရေးအား အစီအစဉ်တကျ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)