မြဝတီမြို့၌ ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်သွားလာ စည်ကားလျက်ရှိ

မြဝတီ ဖေဖော်ဝါရီ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ ယနေ့တွင် ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာစည်ကားလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရေန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိန့်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike(အသံတိတ်သပိတ်)ပြုလုပ်ရန် လှုံ့ဆော် ကြေညာခဲ့သော်လည်း ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှုများအား လိုက်နာလုပ်ဆောင်ခြင်းမရှိဘဲ ယခုကဲ့သို့ ပုံမှန်အတိုင်း သွားလာ စည်ကားလျက် ရှိခြင်းဖြစ်သည်။

မြဝတီမြို့ရှိ ဘုရင့်နောင်ဈေး၊ ကြံခင်းဈေး၊ ကျွန်းတောဈေးနှင့် အခြားဈေးများတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ ပုံမှန်အတိုင်း စည်ကားလျက်ရှိပြီး လမ်းမကြီးများနှင့် ရပ်ကွက်လမ်းများတွင်လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှား စည်ကားလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်