နယ်စပ်ရေးရာဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆွမ်းဆန်တော်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်း

ဘားအံ   ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတဝှမ်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သီးတင်းသုံးနေထိုင်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်  မဟာသုမေဓာရာမတောရကျောင်းနှင့် သန္တိသုကျောင်းတိုက်တို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များအတွက် နယ်စပ်ရေး ရာဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ဆွမ်းဆန်တော်၊ ဆီ၊ ပဲများကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)