ပုသိမ် ဖေဖော်ဝါရီ ၁
(၇၅)နှစ်မြောက် စိန်ရတုဆိုတာဟာ တစ်သက်မှာတစ်ကြိမ်ပဲရတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ကိုယ်ကိုယ် တိုင်တစ်နေရာကနေ ပါဝင်ခဲ့တယ်ဆိုရင် အဲ့ဒီသမိုင်းမှာ အလွန်အင်မတန်မှတန်ဖိုးရှိတဲ့ မိမိကိုယ်တိုင်ရေးထိုး တဲ့ သမိုင်းဖြစ်တယ်..(ဒေါက်တာနေအောင် ဒုတိယပါမောက္ခချုပ်၊ ပုသိမ်တက္ကသိုလ်)
ကျွန်တော့က ဒေါက်တာနေအောင် ဒုတိယပါမောက္ခချုပ်ဖြစ်ပါတယ်။ ပုသိမ်တက္ကသိုလ်မှာ သင်တန်းရေးရာ ဌာနမှာ တာဝန်ယူဆောင်ရွက်နေပါတယ်။ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့မှာတော့ ဆရာတို့က ဦးစီးကော်မတီရဲ့ နာယကအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ ပြိုင်ပွဲကျင်းပဖို့အတွက် နိုင်ငံတော်နဲ့ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ အားလုံး (၅)မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ပုသိမ်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေ ၄၀၀ နီးပါးရှိတဲ့အတွက် ကလေးတွေကို ဒီလိုပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တဲ့ အတွက် ပိုပြီးတော့ အင်ဖော်မေးရှင်းပေးတာမျိုး၊ အစီအစဉ်အသေးစိတ် ရေးဆွဲတာမျိုးတွေ၊ ကလေးတွေကို ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်စေဖို့အတွက် သေခြာနားလည်အောင်ရှင်းပြပြီး စည်းရုံးခဲ့တဲ့အတွက် ပြိုင်ပွဲ တွေမှာ စာစီစာကုံးမှာ(၈၅)ဦး၊ ကဗျာ(၃၇)ဦး၊ ဆောင်းပါး(၄၅)ဦး၊ ကျပန်းစကားပြော(၂၂)ဦးနဲ့ ပန်းချီမှာ (၇) ဦး ပါဝင်ယှဉ်ပြိုင်လာတာတွေရှိပါတယ်။ ထူးခြားတာက ကလေးတွေအနေနဲ့ သူတို့မှာ နကိုကတဲလန့်ရှိပြီး သားတွေဖြစ်ပြီး ကဗျာလည်းရေးနိုင်တယ်၊ ဆောင်းပါးလည်းရေးနိုင်တယ်၊ အဲ့လိုအက်ဆေးကောင်းကောင်း ရေးနိုင်တဲ့ကလေးတွေကို ပြိုင်ပွဲတွေနှစ်ခုလုံးမှာ ပါဝင်နိုင်ဖို့အတွက် ခွင့်ပြုပေးလိုက်တဲ့အတွက် ပြိုင်ခွင့်ရ သွားတယ်.. ပြောချင်တာကတော့ ပြိုင်ပွဲဝင်အရေအတွက်ကတော့ ၁၃၀ ကျော်ဖြစ်နေပေမယ့် သူတို့ရဲ့ Strength ကိုပြောမယ်ဆိုရင်ပြိုင်တဲ့ Event တွေက ၂၀၀ နီးပါးလောက်ထိ ရောက်သွားတာ တွေ့ရတယ်။ အဲ့ဒါလေးကတော့ ဆရာတို့ တက္ကသိုလ်အနေနဲ့ ထူးထူးခြားခြားလေး စည်းရုံးဆောင်ရွက်နိုင်တဲ့ အခြေအနေ လေးဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေ အဆင်ပြေပြေနဲ့ ပြိုင်ပွဲဝင်ဖို့အတွက် မြန်မာစာဌာနက ဦးစီးပြီးတော့ ပန်းချီကလွဲရင် ညနေ ၂ နာရီနောက်ပိုင်း စာသင်ချိန်မပျက်ဘဲ လေ့ကျင့်စေခဲ့တဲ့အတွက် ပြိုင်ပွဲဝင်ဦးရေ များ လာတယ်လို့ ပြောလို့ရပါတယ်။ ခေါင်းစဉ်သဘောကတော့ တစ်နိုင်ငံလုံးကိုတစ်ပြေးညီ သတ်မှတ်တာဖြစ်တဲ့ အတွက် ပညာရေးဝန်ကြီးဌာနကနေပဲ ခေါင်းစဉ်ကိုပေးတဲ့အခါမှာလည်း တကယ့်ကို ထိပ်တန်းလျှို့ဝှက် အဆင့်နဲ့ ပါမောက္ခချုပ်တစ်ဦးတည်းကိုပဲ အီးမေးလ်နဲ့ပို့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ဗဟိုအဆင့်ကို တက်နိုင်ဖို့ ဆရာတို့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တက္ကသိုလ်အသီးသီးက ပြိုင်ပွဲဝင်တွေရဲ့ အဖြေလွှာတွေကို ဆရာတို့ဆီကိုပို့မှာဖြစ်တယ်၊ ဆရာတို့ဆီမှာလည်း အဖွဲ့တွေရှိတဲ့အတွက် အဲ့ဒါနဲ့ ပြန်စိစစ် ပြီးတော့မှ ဗဟိုအဆင့်ကို ရွေးချယ်တင်ပေးရမှာဖြစ်ပါတယ်။ (၇၅)နှစ်မြောက် စိန်ရတုဆိုတာဟာ တစ်သက် မှာတစ်ကြိမ်ပဲ Only Chance တစ်ကြိမ်ပဲရတဲ့ အခွင့်အရေးလေးမှာ ကိုယ်ကိုယ်တိုင် တစ်နေရာကနေ ပါဝင်ခဲ့ တယ်ဆိုရင် အဲ့ဒီသမိုင်းမှာ အလွန်အင်မတန်မှတန်ဖိုးရှိတဲ့ မိမိကိုယ်တိုင်ရေးထိုးတဲ့ သမိုင်းဖြစ်တယ်။ ကျွန်တော့အနေနဲ့ အလေးအနက်ထား ပြောခြင်တာတစ်ခုက လူငယ်တိုင်းမှာ အနာဂတ်ဆိုတာရှိတယ်၊ လူကြီးတွေမှာရှိတဲ့ အနာဂတ်နဲ့ကတော့မတူဘူးပေါ့၊ လူကြီးဆိုတာက အတွေ့အကြုံတွေများတဲ့အခါ ဘာဆို ရင်မှန်းတတ်နေပြီ၊ လူငယ်ကကျတော့ အတွေ့အကြုံနည်းတဲ့အတွက် လက်ရှိအခြေအနေပေါ်မှာပဲ သူက စိတ်ခံစားမှုကို ဦးစားပေးတတ်တဲ့သဘောရှိတယ်။ အဲ့ဒါလေးကိုတော့ ဆရာတို့က မည်သည့်လူငယ်မဆို စိတ်ခံစားမှုထက်စာရင် အကျိုးအကြောင်းဆီလျော်တဲ့ ဆင်ခြင်တုံတရားနဲ့ယှဉ်တဲ့ အတွေးအခေါ် သုံးသပ်မှု မျိုး၊ ကိုယ့်ထက်ကြီးတဲ့သူတွေ၊ အတွေ့အကြုံရှိတဲ့သူတွေကို ချဉ်းကပ်တာမျိုး ၊ ဆည်းပူးတာမျိုး အဲ့နည်းနဲ့ ဆရာတို့တိုင်းပြည်ကို အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ အကောင်းဆုံးဖြစ်အောင် အဲ့နေရာမှာ လူငယ်တွေ အားလုံးက တက်တက်ကြွကြွ ပါဝင်ပေးဖို့လိုတယ်လို့ ၊ အဲ့လိုနည်းနဲ့ပဲပါဝင်ပေးကြပါလို့ မည်သည့်လူငယ် တွေကိုမဆို ကျောင်းသားမှမဟုတ်ဘူး၊ Each and Everyone လူငယ်တိုင်းကို တိုက်တွန်းလိုပါတယ်။
အခုလို စာစီစာကုံးပြိုင်ပွဲတွေ၊ ကဗျာတို့၊ ဆောင်းပါးတို့ အဲ့ဒါတွေဟာ မြန်မာစာကို မှန်မှန်ကန်ကန် ရေးသား တတ်တဲ့ အရေးအသားစွမ်းရည်ရသလို ၊ကျပန်းစကားပြောပြိုင်ပွဲကလည်း မြန်မာစကားကို မှန်မှန်ကန်ကန် နဲ့ စည်းကမ်းတကျ၊ စနစ်တကျပြောတတ်ဆိုတတ် ၊ဝေဝေဆာဆာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်ဆိုတတ်၊ ရေးတတ် သားတတ်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးတာဖြစ်တာကြောင့် ကျွန်တော်မြန်မာစာဆရာ တစ်ယောက်အနေနဲ့ အလွန်ကိုဝမ်းမြောက်ဂုဏ်ယူမိပါတယ် (ဒေါက်တာသန်းထိုက်၊ ပုသိမ်တက္ကသိုလ် မြန်မာစာဌာန၊ပါမောက္ခဌာနမှူး)
ကျွန်တော်ကတော့ ဒေါက်တာသန်းထိုက်ပါ။ ပုသိမ်တက္ကသိုလ်ရဲ့ မြန်မာစာဌာန ပါမောက္ခဌာနမှူးပါ။ ပုသိမ်တက္ကသိုလ်အနေနဲ့ အခမ်းအနားကျင်းပရေးကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။ ၂၉ ရက် နေ့မှာတော့ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွေ ကျင်းပပြီးပါပြီး။ ဒီနေ့မနက် ၉ နာရီကနေစပြီးတော့ ကျပန်းစကားပြောပြိုင်ပွဲရယ်၊ ပန်းချီပြိုင်ပွဲရယ် ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့အတွက် ကျပန်းစကားပြော ပြိုင်ပွဲမှာ ပုသိမ်တက္ကသိုလ်ကနေ ထူးထူးခြားခြား ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ပန်းချီပြိုင်ပွဲကိုတော့ ၇ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်ခုချင်းစီကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားထားတဲ့အတိုင်းပဲ ကျင်းပပါတယ်။ ကျောင်းသားတစ်ယောက်က ပြိုင်ပွဲ ၃ မျိုးစလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် သတ်မှတ် ပေးထားတဲ့အချိန်တွေအတိုင်းပဲ အစီအစဉ်အတိုင်းခွဲပြီးတော့ ကျင်းပပါတယ်။ အခုတက်ရောက်နေတဲ့ ကလေးတွေက တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာအရည်အချင်းစစ်၊ ပထမနှစ် မဟာသိပ္ပံ/ဝိဇ္ဇာ၊ ဒုတိယ နှစ် မဟာသိပ္ပံ/ဝိဇ္ဇာ ဆိုတော့ တနည်းအားဖြင့် ကျောင်းသားကြီးတွေဖြစ်ကြပါတယ်။ သူတို့ဟာ တစ်ချိန် ချိန်မှာ မာစတာဘွဲ့ရကြမယ် ၊ ပြီးလို့ရှိရင် တက္ကသိုလ်တွေမှာ ဆရာ၊ ဆရာမတွေ ပြန်လုပ်ဖို့ အခွင့်အရေး ရှိတဲ့သူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့က တက္ကသိုလ် ဆရာ၊ ဆရာမတွေဆိုတာ အပြောတတ်ရမယ်၊ အပြောကောင်းရမယ်၊ လူရှေ့သူရှေ့မှာ ပြောနိုင်ဆိုနို်ငရမယ်၊ ဒီအတွက် ဒါဟာသူတို့အတွက် လေ့ကျင့်ရေး တစ်ခုပဲဖြစ်တယ်။ တက္ကသိုလ်ဆိုတာ စာပေတစ်ခုတည်း သင်တာမျိုးမဟုတ်ပဲ ဘက်စုံကနေ ကလေးတွေကို ဗလငါးတန်ပြည့်ဝဖို့အတွက် ကျွန်တော်တို့လေ့ကျင့်ပေးထားတဲ့ နေရာဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ နောက်ဆုံးပြောခြင်တာက ဒီလိုပွဲမျိုးတွေလုပ်ပေးတာက ကျွန်တော်တို့ မြန်မာတွေမှာ မြန်မာစကားကို ပြီးစလွယ်ရေးတယ်၊ ပြောတယ်၊ အဲ့ဒါလေးတွေက ဒီဘက်နောက်ပိုင်းမှာ တော်တော်လေးကို သုံးစွဲလာ ကြတယ်၊ ဆိုရှယ်မီဒီယာကလည်း ကျယ်ပြန့်လာတဲ့အခါကျတော့ သူတို့က အင်္ဂလိပ်လို မြန်းဂလိတို့ စသည် အားဖြင့်ပေါ့ မြန်မာစကားကို ဖျက်ပြီးတော့ ရေးကြ၊ ပြောကြတာတွေရှိပါတယ်။ အခုလို စာစီစာကုံး ပြိုင်ပွဲတွေ၊ ကဗျာတို့၊ ဆောင်းပါးတို့ အဲ့ဒါတွေဟာ သူတို့ရဲ့ မြန်မာစာကို မှန်မှန်ရေးသားတတ်တဲ့ အရေး အသားစွမ်းရည်ရသလို ၊ ကျပန်းစကားပြောပြိုင်ပွဲကလည်း သူတို့ရဲ့ မှန်မှန်ကန်ကန်ပေါ့ မြန်မာစကားကို စည်းကမ်းတကျ၊ စနစ်တကျပြောတတ်ဆိုတတ် ၊ ဝေဝေဆာဆာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်ဆိုတတ်၊ ရေးတတ် သားတတ်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးတာ ဖြစ်တာကြောင့် ကျွန်တော် မြန်မာစာဆရာ တစ်ယောက်အနေနဲ့ အလွန်ကိုဝမ်းမြောက်ဂုဏ်ယူမိပါတယ်လို့ ပြောချင်ပါတယ်။
တိုင်းရင်းသားအားလုံး အတူတကွလက်တွဲညီစွာနဲ့ ပူးပေါင်းပြီးတော့ ပြည်ထောင်စုကြီးကို တည်တံ့ခိုင်မြဲ အောင်တည်ဆောက်နိုင်ဖို့အတွက်သရုပ်ဖော်ရေးဆွဲခဲ့ပါတယ်။မပြုံးလှိုင်(ရူပဗေဒအထူးပြု မဟာဒုတိယနှစ် ကျောင်းသူ)
ကျွန်မကတော့ မပြုံးလှိုင်ဖြစ်ပါတယ်။ ရူပဗေဒအထူးပြုဘာသာရပ်နဲ့ မဟာဒုတိယနှစ် တက်ရောက်နေ ပါတယ်။ ဒီကနေ့ ပန်းချီပြိုင်ပွဲကို ဝင်ရောက်ဖြစ်တာကတော့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုချင်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သရုပ်ဖော်ရေးဆွဲခဲ့တဲ့ ပန်းချီလေးကတော့ တိုင်းရင်းသားအားလုံး အတူတကွလက်တွဲညီစွာနဲ့ပူးပေါင်းပြီးတော့ ဒီပြည်ထောင်စုကြီးကို တည်တံ့ခိုင်မြဲ အောင် တည်ဆောက်နိုင်ဖို့အတွက် ပန်းချီသရုပ်ဖော်ရေးဆွဲခဲ့ပါတယ်။
ကျွန်တော့ဘဝမှာ ပုသိမ်တက္ကသိုလ်မှာ ဒီပြိုင်ပွဲဟာ ပထမဆုံး ပြိုင်တဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် ဒါဟာတစ်သက် လုံး အမှတ်တရဖြစ်နေမှာပါခင်ဗျာ…(မောင်စအောင်ဟကျော် - ပထမနှစ်မဟာဝိဇ္ဇာ ပထဝီဝင်အထူးပြု ကျောင်းသား)
ကျွန်တော်ကတော့ မောင်စအောင်ဟကျော် ဖြစ်ပါတယ်။ ကျွန်တော်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့်လေ့ကျင့်ရေးဦးစီးဌာန၊ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကနေ လေးနှစ်တာဝိဇ္ဇာဘွဲ့ကို သင်ကြားခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ ကွာလီဖိုင်းဝင်ခဲ့လို့ ပုသိမ်တက္ကသိုလ်မှာ ပထမနှစ် မဟာဝိဇ္ဇာ ပထဝီဝင်အထူးပြုနဲ့ တက်ရောက်နေပါတယ်။ ကျွန်တော့ ဇာတိကတော့ ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ်ကဖြစ်ပါတယ်။ ကျွန်တော်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်မှာ ကျပန်းစကားပြော ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် မြန်မာစာဌာန ကနေပေးတဲ့ ဂိုက်လိုင်းတွေ၊ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေလေ့လာရပါတယ်၊ ပြီးတော့ အိမ်မှာလည်း ကိုယ်တိုင်အထပ်ထပ် လေ့ကျင့်ပြင်ဆင်ထားပါတယ်ဗျ။ ငယ်စဉ်က အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲလေးတွေ ဝင်ပြိုင်ခဲ့ဖူးတယ်၊ ဆုတွေလည်းရခဲ့ပါတယ်။ ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ ခေါင်းစဉ် က ကြိုတင်ပေးထားတဲ့ ခေါင်းစဉ်မျိုးမဟုတ်ပဲ ကျရာခေါင်းစဉ်အလိုက်ကို စီးမြောပြီး လိုက်ပါပြောရမှာဆို တော့ ကိုယ်ကကြိုတင်ပြင်ဆင်ထားပေမယ့်လည်း အကျုံးဝင်ချင်မှဝင်မယ်ဆိုတော့ ရင်ခုန်ရပါတယ်။ နောက် ပြီး စတိတ်စင်ပေါ်တက်ပြီဆိုတော့ ကျောင်းသားပရိတ်သတ်တွေရဲ့အရှေ့မှာ အဟန့်ကြီးတစ်ခုကလွဲရင် အခက်အခဲမရှိပါဘူး။မြန်မာနိုင်ရဲ့သမိုင်းဝင်တစ်ခုဖြစ်တဲ့ နေ့ထူးနေ့မြတ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင် စုနေ့မှာ ကျွန်တော့အနေနဲ့ ကိုယ်တိုင်ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ဖြစ်ရသလို ကျွန်တော့ဘဝမှာ ပုသိမ်တက္ကသိုလ်မှာ ဒီပြိုင်ပွဲဟာ ပထမဆုံးပြိုင်တဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် ဒါဟာကျွန်တော့ဘဝတစ်သက်တာ အတွက် အမြဲအမှတ်တရဖြစ်နေမှာပါခင်ဗျာ။
တွေ့ဆုံမေးမြန်းသူ (ခင်စန္ဒာဆွေ ပြန်/ဆက်)
သတင်းဓာတ်ပုံ (လှမင်းထွဋ် ပြန်/ဆက်)