(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Center ခန်းမ၌ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌  ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်သွားလာ စည်ကားလျက်ရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ယနေ့တွင် ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာ စည်ကားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်း များ ပုံမှန်ပြေးဆွဲပေးလျက်ရှိ

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ အသံတိတ်သပိတ် (Slience Strike)ပြုလုပ်ရန် လှုံ့ဆော်မှုများ ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနေဖြင့် မြို့တွင်းခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေး အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် မြို့တွင်းခရီးသွား ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ သွားလာလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက စိန်ရတုပြည်ထောင်စုနေ့အကြို အားကစား ပြိုင်ပွဲ အခမ်းအနားတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင်“ ပါတော်မူပြီးစ မြန်မာနိုင်ငံအခြေအနေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်စာရေးဆရာ သမိုင်းပါမောက္ခဒေါက်တာကျော်ဝင်း(ငြိမ်း)၏" ပါတော်မူပြီးစ မြန်မာနိုင်ငံအခြေအနေ"စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က​ပြုလုပ်ခဲ့ကြောင်းသိရသည်။

တမူးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၄၉)ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး အတည်ပြု လူနာဟောင်းများ အနက်(၁၀)ဦးဆေးရုံမှဆင်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ရောဂါ သံသယရှိ ပြည်သူများနှင့် ကျောင်းသား/ ကျောင်သူ(၂၈၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိTest Kit ဖြင့်စစ်ဆေးခဲ့ရာ (၄၉)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံပုရာကုန် ကတ္တရာလမ်းသစ် ဖွင့်ပွဲပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ သံပုရာကုန်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။

ဓနုဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် (၈)နာရီအချိန်က အမှတ်(၁၈) ရပ်ကွက်၊ ဦးပုညလမ်း (၃၃၀´× ၁၀´×၀.၆´´) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အင်္ဂပူမြို့နယ်တွင်မြန်မာ့တပ်မတော်ထောက်ခံပွဲပြုလုပ် 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက် (၁၁:၀၀) နာရီက အင်္ဂပူမြို့ အားကစားကွင်းစုရပ်မှနေ၍ ချယ်ရီလမ်း (မြောက်)လမ်း၊ကံ့ကော်လမ်းတစ်လျှောက် ငြိမ်းချမ်းစွာ  စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to