ကျုံပျော်မြို့ အ.ထ.က(၁)တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ကျုံပျော်  ဖေဖော်ဝါရီ   ၂

ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ဦးတည်ချက်၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အနှစ်သာရတို့ကိုသိရှိ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဝင်များအတွက် ''ပြည်ထောင်စုနေ့ဒို့မမေ့'' ခေါင်းစဉ် အား၎င်း၊ ပန်းချီပြိုင်ပွဲဝင်များအတွက် ''မြန်မာနှင့် ပြည်ထောင်စု''  ခေါင်းစဉ်အား၎င်း အသီးသီး သတ်မှတ်ယှဉ်ပြိုင်စေပြီး၊ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများသွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး၊ ဆုရရှိသူများအား ပြည်ထောင်စုနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ယခုကဲ့သို့ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသားလူငယ်များအတွက် ကာယ၊ဉာဏ စွမ်းရည်ဖွံ့ဖြိုးမှုများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)