မအူပင်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

မအူပင်     ဖေဖော်ဝါရီ    ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီခွဲက အိုင်းဝိုင်းကျေးရွာ (AM)ဖူဆယ်ကွင်း၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တက်ရောက်အားပေးခဲ့ကြသည်။

ပြိုင်ပွဲသို့ မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်မှ အသင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲ အား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ် အား/ကာဦးစီးမှူး ဒေါ်ဇင်မာခိုင်ထံမှ သိရသည်။

အောင်ခိုင် (ပြန်/ဆက်)