သံဖြူဇရပ် ဖေဖော်ဝါရီ ၂
သံဖြူဇရပ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ်တွင် အမှတ်(၂)အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံဖြူဇရပ်မြို့နယ် ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံဝင်အတွင်း အဆိုပါစက်ရုံရှေ့တွင် ကျင်းပ သည်။
ရှေးဦးစွာ အမှတ်(၂)အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းက စက်ရုံအဆောက်အဦးဆိုင်ရာ မှတ်တမ်းကို မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမင်းသန့်ဇင်ထံပေးအပ်ပြီး၊ စက်ရုံဖွင့်ပွဲ အထိမ်းအမှတ်အလံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းက ပေးအပ်ရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်တို့မှ လက်ခံရယူသည်။ ထို့နောက်မြို့မိမြို့ဖဦးခိုင်စိုးမှ အောက်စီဂျင်စက်ရုံတည်ဆောက် ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ သံဖြူဇရပ်တပ်နယ် ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ သံဖြူဇရပ်မြို့နယ်တွင် ယခုဖွင့်လှစ်သည့် အောက်စီဂျင်စက်ရုံသည် PSA Oxygen Generator Plant အမျိုးအစားဖြစ်ပြီး ၁၀ နာရီအတွင်း ၄၀ လီတာဆံ့ အောက်စီဂျင်အိုး (၂၀)အိုး ထုတ်လုပ်နိုင်ကြောင်းနှင့် liquid Oxygen Plan အမှတ်(၁)စက်ရုံကို ၂၅-၉-၂၀၂၁ ရက်နေ့တွင် ဖွင့်လှစ်အသုံးပြုခြင်းကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက်များစွာ အထောက်အကူရရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်ဆက်)