မိုးမောက်မြို့တွင် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ မန္တလေးပရိယတ္တိ စာသင်တိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကိုးနေဝင်းစေတီတော်အား စေတီတော်ရောင်ဝါကွန့်မြူးစေရန် ရည်တန်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မိုးမောက် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။