တံတားဦး ဖေဖော်ဝါရီ ၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျောက်ဆည်ရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်အဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေပြီး ဌာနဆိုင်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦးကျော်ဖြင့် အထက-တံတားဦး ကျောင်းအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းများ ၊ ခြုံနွယ်များကိုခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ တံမျက်စည်းလှဲခြင်းများတို့ကို ဆောင်ရွက်ကြပြီး ထွက်ရှိလာသော ခြုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များကို မြို့နယ်စည်ပင်သာဘာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် သိမ်းဆည်းပေးကြောင်း သိရသည်။
ရဲတင့်