ကြံခင်းမြို့နယ်တွင် (အဋ္ဌမအကြိမ်)မြို့နယ် သံဃနာယကအဖွဲ့ အနားယူ/အစားထိုးရွေးချယ် တင်မြှောက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် (အဋ္ဌမအကြိမ်)မြို့နယ် သံဃနာယကအဖွဲ့ အနားယူ/အစားထိုးရွေးချယ်တင်မြှောက်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပေးအပ်ပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံသားတိုင်း နိုင်ငံသားကတ် ကိုင်ဆောင်ရန်နှင့် လူဦးရေနှင့်အိမ်ထောင်စုစာရင်းများအား နိုင်ငံသား မိသားစုတိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကိုင်ဆောင်ထားရှိနိုင်ရန် ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မအူပင်မြို့နယ် ဦးစီးရုံး မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးနှင့် ဝန်ထမ်းများက တလုတ်လပ်အရှေ့ကျေးရွာအုပ်စု၊ ဇောယျာ သိဒ္ဓိသိမ်ကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီကကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျ ရောက်မည့် စိန်ရတုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်းတောင်းမြို့နယ်၌ထပ်ပိုးကတ္တရာလမ်းဖွဲ့ပွဲကိုသိပ္ပံလမ်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့၌ ကျေးရွာအုပ်စုဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကျေးရွာအုပ်စု ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားလျှက်ရှိရာ ယမန်နေ့ညနေ(၄)နာရီက ဗိုလ်လုပွဲအပြီး ပထမဆု၊ ဒုတိယဆု၊ နှစ်သိမ့်ဆု ရရှိအသင်းများအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့(အကြို) နံရံကပ် စာစောင်နှင့် စာအုပ်၊စာစောင်ပြပွဲကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကရသ်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားလျော့နည်းပ‌ပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

မြို့သစ်တွင် “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ် စိုက်ထူ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်း ဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ဖြန့်ဝေပေးသော “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ် စိုက်ထူပွဲကို ယမန်နေ့နေ့လည်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များဆောင်ရွက်

ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများနှင့်ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက်ပေးလျက်ရှိသည်။
Subscribe to