ပေါက် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော "ကလေးအလုပ်သမား ပပျောက်ရေး" အသိပညာပေး လက်ကမ်းစာ စောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါက်မြို့ အောင်တော်မူရပ်ကွက် အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပညာသင်ယူနေသော ကျောင်သား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် စောင်ရေ (၁၅၀) ဖြန့်ဝေပေးခဲ့ကြသည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန်တွင် ကလေးများအား ကလေးအလုပ်သမား ဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြရန်၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ သင်အလုပ်ခန့်မည့် ကလေးများသည် အသက် (၁၄)နှစ်ပြည့်ပြီး ဖြစ်ပါစေ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက် စသည်တို့ပါဝင်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရှိ(တာဝန်ပေး) ဒေါ်ဥမ္မာကျော်နှင့် ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး