ကျောက်တံခါးမြို့နယ် Community Center ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ "ပန်းလိုချင် အပင်ကို ပျိုးတတ်မှ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်က ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး(Talk Show)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေး၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်နေ နိုင်ငံ့ဂုဏ်ဆောင် အလေးမအားကစားသမားဟောင်း ဒေါ်အေးသန္တာလွင်တို့နှင့်  ‌ပူးပေါင်း၍ အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး(TalkShow)ကျင်းပခဲ့ကြောင်း သိရသည်။ (Talk Show)အစီ အစဉ်၌ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နှင်းယုဝေက အားကစားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ ဒေသခံမြန်မာ့လက်ရွေးစင်၊ နိုင်ငံ့ဂုဏ်‌ဆောင် အလေးမအားကစားသမားဟောင်း ဒေါ်‌အေးသန္တာလွင်က နိုင်ငံ့လက်ရွေးစင်အားကစားသမားတစ်ဦးအဖြစ် နိုင်ငံတစ်ကာအားကစားပြိုင်ပွဲများ၌ ဆုတံဆိပ်များရရှိ‌အောင် ကြိုးပမ်း‌လေ့ကျင့်ယှဉ်ပြိုင်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးပြောကြားခဲ့ပြီး ရေကြည်မြို့နယ် အားကစားမှူးဒေါ်နှင်းနှင်းအေးက မြို့နယ်အတွင်း၌ လက်ရှိဆောင်ရွက်လျက်ရှိသည့် အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ချက်များကို အသိ‌ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့ လျှပ်စစ်(၃)လမ်း တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တော်သန့်ရှင်း သာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ လျှပ်စစ်(၃)လမ်း တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ တွံတေးမြို့နယ်၌ကျင်းပ

(၇၅)နှစ်‌မြောက်စိန်ရတု ပြည်‌‌ထောင်စုနေ့ အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြု‌သောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊  ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ်(၆)လ ပိုင်းဘဏ္ဍာနှစ် နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာသူ ကျေးရွာသားများပူးပေါင်း ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကိုထင်းစုကျေးရွာ၌ ယနေ့နံနက်၈နာရီက အဆိုပါကျေးရွာ၌ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပကာ မိန်းမလှကျွန်း ဘေးမဲ့တောအား ပူးပေါင်းပါဝင် ထိန်းသိမ်းသူများအား ဂုဏ်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနမှ ဖေဖော်ဝါရီ လ (၂)ရက်နေတွင် ကျရောက်သည့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားအား မြို့နယ်သစ်တောဦးစီးဌာန ရိပ်သာ၌ ယမန်နေ့ နံနက် (၁၀)နာရီခွဲတွင် ကျင်းပပြီး မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ကြသည့် ဒေသခံပြည်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒိုဘီကုန်းတံတားသစ်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ ဒိုဘီကုန်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အမာမြို့ရုံး Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ် စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁)ရက်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၄ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ကဝမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်း ကျောင်း (ကဝ) ၌ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့အဝင်ဆိုင်းဘုတ်နှင့် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေးရှိ ဖျာပုံမြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဖျာပုံမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားတို့အား ယမန်နေ့ နံနက်(၁၀)နာရီ(၃၅) အချိန်က အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်သည်။
Subscribe to