မိုးမောက် ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ မန္တလေးပရိယတ္တိ စာသင်တိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကိုးနေဝင်းစေတီတော်အား စေတီတော်ရောင်ဝါကွန့်မြူးစေရန် ရည်တန်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မိုးမောက် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်း လောင်းလှူရာတွင် မိုးမောက်မြို့အတွင်းရှိ ဘုန်းကြီးကျောင်း ၁၁ ကျောင်းမှ ရဟန်း၊ သံဃာတော်(၃၅)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းများ လောင်းလှူကြပြီး မန္တလေးပရိယတ္တိ စာသင်တိုက်ကျောင်းထိုင် ဆရာတော်က ငါးပါးသီလ ဆောက်တည်စေပြီး ကုသိုလ်ကောင်းမှု အစုစုကိုရေစက်ချအမျှဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)