ကြံခင်း ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်သောကြာဒူးအုပ်စု ကမ်းခြေသဲသောင်ပြင်တွင် ဖေဖော်ဝါရီ(၁)ရက်နေ့ ညနေပိုင်းက အားကစားပွဲများ ကျင်းပနိုင်ရန် ကွင်းဖောက်ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးဝါမှ သဲသောင်ပြင်ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရန် ကွင်းဖောက်ခြင်းစည်းမျဉ်း၊ စည်းကမ်း ဥပဒေနဲ့အညီ ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားကြောင်း သိရသည်။
ထို့နောက် သောကြာဒူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းမှ အားကစားပစ္စည်းများ ပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်ခင်မိုးဝါမှ လက်ခံရယူပြီး၊ ဖူဆယ်ဘောလုံးပြိုင်ပွဲကို သောကြာဒူးအသင်းနှင့် ထန်းတပင်အသင်းတို့မှ ကွင်းဖောက်ဖွင့်လှစ် ကစားခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု ကမ်းခြေသဲသောင်ပြင် ကွင်းဖောက်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တတ်ရောက်ခဲ့ကြကြောင်းနှင့် ကမ်းခြေအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)