ကျိုက်လတ်မြို့ ကန်တော်ကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်းစေရေး ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း (၂)လမ်းမှ (၈)လမ်းအထိ ကန်တော်ကြီးပတ်လမ်း အား ကွန်ကရစ်လမ်းခင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။