မံစီမြို့နယ်ပြည်သူ့အားကစားကွင်း၌ တည်ဆောက်ခဲ့သည့် ငွေကျပ် ၄၂ သန်းတန်ဖိုးရှိ ပွဲကြည့်စင်တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မံစီ ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြည်သူ့အားကစားကွင်း၌ ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂ သန်းဖြင့် Golden High Star ကုမ္ဗဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် RC အမျိုးအစားပွဲကြည့်စင်တစ်ခုတည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကြည့်စင်သည် မံစီမြို့နယ်တွင် ပထမဦးဆုံးတည်ဆောက်သည့် RC အမျိုးအစား ပွဲကြည့်စင်ဖြစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန်စီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယမန်နေ့ နံနက် ၆ နာရီက သံဃာတော်များကို ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခဲ့ပြီး ညနေ ၄ နာရီတွင် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ အသင်း(ဌာနဆိုင်ရာ FC)နှင့် မြို့နယ်ရပ်မိရပ်ဖများအသင်း(Old Star FC)တို့၏ ချစ်ကြည်ရေး ဘောလုံးပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)