ကျိုက်လတ်မြို့ Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ်   ဖေဖော်ဝါရီ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း  Book Club   အဖွဲ့နှင့်  ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာ‌ပေး‌ ဆောင်ရွက်မှုအနေဖြင့် ရေသယံဇာတများစနစ်တကျ ထိန်းသိမ်းကြခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်  ၁၀  နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊ စာဖတ်ပရိသတ်များ၊ လူငယ်များ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုး ထိန်းသိမ်းတက်စေရန်၊ အသိပညာရရှိစေမည့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအသိများမျှဝေ ပေးနိုင်ရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍၊  ဒေါက်တာကျော်ဝင်း (ရန်ကုန်တက္ကသိုလ်) ရေးသားသည့် ရေသယံဇာတများ စနစ်တကျထိန်းသိမ်းကြ ဆောင်းပါးကို ဖတ်ရှု‌ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ပရိသတ် များကရေသယံဇာတ၏ အကျိုးကျေးဇူးများနှင့် ရေဖြုန်းတီးခြင်းမဖြစ်အောင် ခြိုးခြံသင့်သည့် အချက်များ အကြောင်းဖတ်ကြား၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဌေးဌေးလှိုင်